Post Top Ad
Wednesday, March 8, 2017
Gom Player apk Download
ကွန်ပြူတာအတွက် Media player တစ်ခုဖြစ်တဲ့ Gom Player ကို ဖုန်းအတွက် ထွက်လာလို့တင်ပေးလိုက်ပါတယ်.။ ဒီဇိုင်းအသစ်နဲ့ သုံးရတာလွယ်ကူလှပသလို 360 video တွေကိုလည်း ကြည့်လို့ရပါတယ်။အသုံးဝင်တဲ့ Tool တွေနဲ့ သုံးရတဲ့သူတွေကိုစိတ်ကျေနပ်မှုပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်.။အရမ်းလန်းတဲ့ Media Player လေးပါ။ Drop Box, Google Drive,One Drive တို့မှာသိမ်းထားတဲ့ Video တွေကိုလည်းကြည့်လို့ရမှာဖြစ်ပါတယ်။ အောက်မှာပုံလေးတွေကြည့်ပြီး ကြိုက်ရင်ဒေါင်းလိုက်ကြပါအုံး။
http://aungbobooo13.blogspot.com
Sunday, March 5, 2017
True move Sim နဲ့အင်တာနက် Free သုံးမယ်။
ထိုင်းမှာနေတဲ့သူငယ်ချင်းတွေအတွက် အင်တာနက် Free သုံးလို့ရတဲ့ ဆော့ဝဲလေးနဲ့ဖိုင်လေးပါ။အခုလောလောဆယ်တော့ True move sim အတွက်ဘဲရပါသေးတယ်။ Dtac နဲ့ Ais အတွက်ကတော့နောက်မှတင်ပေးပါမယ်.။ပထမဆုံး အောက်မှာပေးထားတဲ့ ဆော့ဝဲလေးကိုဒေါင်းလိုက်ပါ။ဖိုင်လေးပါ
တစ်ခါထဲဒေါင်းပါ။ပြီးရင်ဆော့ဝဲကိုဖွင့်လိုက်ပါ။အောက်မှာပြထားတဲ့ပုံတွေ အတိုင်းလုပ်ပေးပါ။
ဒီအဆင့်ရောက်ပြီဆိုရင်တော့ဒေါင်းထားတဲ့ဖိုင်လေးကိုရှာပြီးထည့်ပေးလိုက်ပါ။ပြီးရင် အင်တာနက်ဖွင့်ပြီး Start ကိုနှိပ်လိုက်ပါ။လိုင်းကတော့ ဘယ်လောက်မြန်လဲသိချင်ရင် youtube သာဝင်ကြည့်လိုက်ပါတော့။ဖိုင်ထဲမှာအင်တာနက်သက်တမ်းကုန်မယ့်ရက်ကိုရေးပေးထားပါတယ်။5ရက်စာဘဲရပါတယ်
ကုန်ခါနီးရင်ထပ်တင်ပေးထားပါမယ်။ အဆင်ပြေကြပါစေ။
တစ်ခါထဲဒေါင်းပါ။ပြီးရင်ဆော့ဝဲကိုဖွင့်လိုက်ပါ။အောက်မှာပြထားတဲ့ပုံတွေ အတိုင်းလုပ်ပေးပါ။
ဒီအဆင့်ရောက်ပြီဆိုရင်တော့ဒေါင်းထားတဲ့ဖိုင်လေးကိုရှာပြီးထည့်ပေးလိုက်ပါ။ပြီးရင် အင်တာနက်ဖွင့်ပြီး Start ကိုနှိပ်လိုက်ပါ။လိုင်းကတော့ ဘယ်လောက်မြန်လဲသိချင်ရင် youtube သာဝင်ကြည့်လိုက်ပါတော့။ဖိုင်ထဲမှာအင်တာနက်သက်တမ်းကုန်မယ့်ရက်ကိုရေးပေးထားပါတယ်။5ရက်စာဘဲရပါတယ်
ကုန်ခါနီးရင်ထပ်တင်ပေးထားပါမယ်။ အဆင်ပြေကြပါစေ။
အဆင်ပြေကြပါစေ။
http://aungbobooo13.blogspot.com
Lava Iris 515 Root and myanmar font ထည့်နည်း။
Ais ကထုတ်တဲ့ Lava Iris 515 ဖုန်းကိုမြန်မာစာမမှန်တဲ့သူတွေအတွက် Root ဖောက်ပြီး မြန်မာစာထည့်နည်းလေးကိုတင်ပေးလိုက်ပါတယ်.။ကျွန်တော်ကတော့ Computer နဲ့ ဖောက်တဲ့အတွက် PC အတွက်ရောဖုန်းအတွက်ပါတင်ပေးမှာပါ။
ကွန်ပြူတာနဲ့ဖောက်မယ့်သူတွေအတွက် ဖုန်းနဲ့ ကွန်ပြူတာနဲ့သိအောင် ဖုန်းမှာ usb debugging ကိုအမှန်ခြစ်ပေးထားပါ။ ဘယ်လိုဖွင့်ရမလဲမသိတဲ့သူတွေအတွက်ကတော့ ပထမဆုံး ဖုန်းရဲ့ Setting ထဲကိုဝင်ပါ။About Device ကိုနှိပ်ပါ။ Build number ကို 5ချက် 6ချက်လောက်ဆက်တိုက်ခေါက်ပေးလိုက်ပါ။ ပြီးရင်နောက်ပြန်ထွက်လိုက်ပါ။Developer option ကိုတွေ့ပါလိမ့်မယ်။နှိပ်လိုက်ပါ။Developer option ကိုအမှန်ခြစ်ပေးလိုက်ပါ။ပြီးရင်အောက်ဆွဲချပြီး usb debugging ကိုအမှန်ခြစ်ပေးလိုက်ပါ။ဒါဆိုရပါပြီ။ပြီးရင်အောက်မှာပေးထားတဲ့ King root ကိုအင်စတောလုပ်ပြီးဖွင့်လိုက်ပါ။ဖုန်းကိုကွန်ပြူတာမှာချိတ်လိုက်တာနဲ့Root မရှိရင် Root လုပ်ခိုင်းပါလိမ့်မယ်.။ Root ကိုနှိပ်လိုက်ပါ။ဖုန်းပိတ်ပြီးပြန်ပွင့်လာပါလိမ့်မယ်။ဒါဆိုရင် king root superuser ကိုတွေ့ပါလိမ့်မယ်။ဒါဆိုRoot ဖောက်တာအောင်မြင်ပါပြီ။ ဖုန်းနဲ့ဖောက်မယ့်သူတွေအတွက်ကတော့ King root apk ကိုဒေါင်းပြီးဖောက်ပါ။လုပ်တက်မယ်ထင်လို့ မပြောပြတော့ဘူးနော်။နောက်တစ်ဆင့်အနေနဲ့ မြန်မာစာထည့်ဖို့ အတွက်အောက်မှာပေးထားတဲ့ TT Font changer pro apk လေးကိုဒေါင်းလိုက်ပါ။Install လုပ်ပြီးဖွင့်လိုက်ပါ။Super user တောင်းရင် Allow ကိုနှိပ်ပြီးပေးလိုက်ပါ။ပြီးရင် Install zawgyi နဲ့ Install unicode နှစ်မျိုးရှိပါတယ်။ကြိုက်ရာသွင်းနိုင်ပါတယ်။ဖုန်းပိတ်သွားပါလိမ့်မယ်။ပြန်ပွင်ံလာရင်မြန်မာစာရပါပြီး။ကျွန်တော်ကိုတိုင်
စမ်းထားတာမို့ စိတ်ချရပါတယ်.။တခြားroot tool တွေ apk တွေနဲ့ စမ်းထားပြီး အခုနည်းနဲ့ လုပ်လို့မရရင် ဖုန်းကို reset လုပ်ပြီး ဒီနည်းအတိုင်းပြန်သွင်းပါ။
အဆင်ပြေကြပါစေ။
http://aungbobooo13.blogspot.com